Thursday, May 27, 2010

ကျောင်းသားအရေးတော်ပုံ ပေါ်ပေါက်ရမည်..


မြန်မာနိုင်ငံ၏ အနာဂတ်သည် ယခုနှစ် 2010 တွင်ကြီးမားသော ပြောင်း
လဲမှု့ကြီးတစ်ရပ်ဖြစ်လာ တော့မည်ဖြစ်သည်။ လူထုအားလုံး၏ ဆန္ဒသ
ဘောထား မပါဝင်သော ကိုယ်သဘောကုယ်ဆောင်သော ရွေးကောက်
ပွဲမျိုးသည် ကမ္ဘာတွင် မရှိသော်လည်း မြန်မာပြည်တွင် ပေါ်ပေါက်နေပြီ
ဖြစ်သည်။
ခေတ်အဆက်ဆက်မြန်မာ့သမိုင်းတွင် ကျောင်းသာထု၏ အင်အားသည်
ကြီးမာသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ယခုအခြေအနေသည် ကျွန်
တော်တို့ ကျောင်းသားထု၏ စည်းလုံးမှု့ နှင့်ညီညွတ်သော အင်အားကို
ပြသရတော့မည် အခြေအနေဖြစ်သည်။
ခေတ်အဆက်ဆက်က ကျောင်းသားတို့သည် မိမိတို့ အသက်ကိုပင်ပမာ
မထားဘဲ နိုင်ငံကောင်းကျိုး နိုင်ငံဂုဏ်သိက္ခာအတွက် ရွပ်ရွပ်ချွန်ချွန်
ဆောင်ရွက်ခဲ့ကြပါပေသည် ။ ကျွန်တော်တို့၏ ရင်ထဲတွင် မကျေနပ်ချက်
တွေများစွာ ရှိသည် ။ နာကျည်းချက်တွေရှိသည် ။အာဏာဖီဆန်လိုတဲ့
ဆန္ဒတွေသည် ကိုယ်စီရင်တွင်း၌ ကိန်းအောင်၍ နေသည်ကို ယုံကြည်
သည် ။တစ်ဦး တစ်ယောက်စွမ်းအား ဖြင့် ဘာမှ ဖြစ်မလာနိုင်သော်လည်း
ပြင်းထန်သော နာကျည်းချက်ရှိသူတိုင်း ပေါင်းစည်း၍ မဟုတ်မမှန်လုပ်
ဇာတ်များကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်ရမည့် အချိန်သည် ယနေ့ ကျွန်တော်တို့
အနာဂတ် မျိုးဆက်သစ် ကျောင်းသားလူငယ်တို့ ၏ တာဝန်တစ်ရပ်ဖြစ်
လာပေသည်။
ကျွန်တော်တို့ ၏ရှေ့တွင် ကျောင်းသားခေါင်းဆောင်များ မြောက်များစွာ
ရှိခဲ့သည် ။ ယုံကြည်ချက်အတွက် နာကျည်း ချက်တွေအတွက် အသက်
တွေစတေးခဲ့ကြသည် ။ နိုင်ငံရေးဟူ သည် လူတို့၏ အရေးဖြစ်သည်ဟု
ယုံကြည်သည်။ လူတို့သည် ဘာကြောင့်မကျေနပ်နိုင်ကြသလဲ ဟုမေး
သော် လူတွင် ရသင့်ရထိုက်သော အခွင့်အရေးမရ၍ သာ မကျေနပ်ခြင်း
ဖြစ်သည်။
နိုင်ငံကို လှည့်ကွက်မျိုးစုံနှင့် မိမိတို့လက်အောက်တွင် သာ ချုပ်ကိုင်ထား
လိုသော အာဏာရူးတို့ ၏ သက်တမ်းသည် ကြာရှည်ခဲ့ပြီ။ တစ်နေ့ထက်
တစ်နေ့ ဆိုးရွာလာနေသော ၎င်းတို့၏ လုပ်ရပ်များကို ရပ်တန့်ဖို့ရန်အချိန်
တန်ပေပြီ။ ကျွန်တော် တို့သည် နိုင်ငံကို မြတ်နိုးတတ်သည့်စိတ်ဓာတ် အ
ပြည့်အ၀ရှိကြသည် ။ ကျောင်းသားလူငယ်တို့ သည် မိမိတို့၏ ယုံကြည်ချက်
တွေအတွက် ရဲရဲဝံ့ဝံ့ ဖော်ထုတ်ကြရတော့မည်ဖြစ်သည်။ ထို့ကြောင့် မြန်
မာနိုင်ငံ တစ်ဝှမ်းလုံးမှ ကျောင်းသားကျောင်းသူများကို နှိုးဆော်တိုက်တွန်း
လိုပါသည် ။
2010 ရွေးကောက်ပွဲဟူ သည် အာဏာရှင်စနစ်ကို နည်းတစ်မျိုးဖြင့် အသွင်
ပြောင်းခြင်းသာဖြစ်သည် ။ ပြည်သူအများစုမထောက်ခံဘဲ အကောက်ကြံ၊
ဖွဲစည်းထားသော 2008 ဖွဲ့စည်းပုံကို အခြေပြု၍ အရာရာတွင် အလိမ်အညာ
များဖြင့် လှည့်ကွက်ပြတော့မည်ဖြစ်သော စစ်အာဏာရှင် ငမိုက်သားတစ်စု
ကိုရဲရဲ ၀ံ့ဝံ့ တော်လှန်ကြပါစို့ ။ ။